ပေါက်တောမြို့ရှိ ဓညဝတီတောရဓမ္မရပ်သာကျောင်း အုတ်မြစ်ချမင်္ဂလာအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်တောမြို့ရှိ ဓညဝတီတောရဓမ္မရပ်သာကျောင်း အုတ်မြစ်ချမင်္ဂလာအခမ်းအနားကျင်းပ





MNP  -  ဖေဖော်ဝါရီ     ၂

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့ ဓညဝတီတောရဓမ္မရပ်သာကျောင်းအုတ်မြစ်ချမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ကျောင်း၌ ပြုလုပ်ကြသည်။


ရှေးဦးစွာ အခမ်းအနားသို့  တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ရန်ကုန်မြို့၊ဓညဝတီကျောင်းတိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ဖတ်ပူဇော်အပ်သော အန္တရာယ်ကင်းပရိတ်တရားတော်များ နှင့် ကမ္မဝါစာ ရွတ်ဖတ်ပူဇော်ကြသည်။


ဆက်လက်၍ လှူဖွယ်ဝတ္ထု ပစီည်းများ ဆက်ကပ်လှူဒါန်းပြီး မင်္ဂလာချိန်တွင် အုတ်မြစ်ချကြ၍ မင်္ဂလာတိုင်ထူထောင်ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်းရွတ်ဆို၍ အခမ်းအအနားကို အောင်မြင်စွာရုပ်သိမ်း လိုက်ကြသည်။


အဆိုပါ ကျောင်းသည် အလျား (၇၀)ဝရံတာ ၁၅ ပေ၊အနံ(၄၇) ဝရံတာ ၇ပေ ရှိကြောင်း၊ဓမ္မရိပ်သာ ကျောင်းဆောင်သစ် လျင်မြန်စွာ ပြီးစီးနိုင်ရန် အုတ်တစ်ချပ် ၊သဲတစ်ပွင့် ပါဝင်လှူဒါန်းနိုင်ကြောင်း တိုက်တွန်းနှိုးဆော်လျက်ရှိကြသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)