Pages

Pages

မိုင်းစံမြို့တွင် အသက်(၈၅)နှစ်အထက် သက်ကြီးလူမှုရေးပင်စင်ထောက်ပံ့ပေး



MNP  -   ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ မိုင်းစံမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် (အောက်တိုဘာ၊ နိုင်ဝင်ဘာ၊ ဒီဇင်ဘာလ)အတွက် မိုင်းစံမြို့အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးလူမှုရေးပင်စင် ငွေကြေးထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်၊၊


မိုင်းစံမြို့အတွင်းတွင် အသက်(၈၅)နှစ်အထက် သက်ကြီးလူမှု‌ရေးပင်စင် အကျိုးခံစားခွင့်ရှိသူ(၄)ဦးရှိပြီး တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)တိတိကို ယမန်နေ့နံနက်(၁၁)နာရီအချိန်ခန့်က ဘိုးဘွားများလက်ဝယ်ဆီသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင်မိုင်းစံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးပြည့်လှိုင်၊ နယ်မြေစခန်းမှူး ရဲအုပ်ကျော်စွာဝင်း နယ်မြေမီးသတ်စခန်း တာဝန်ခံတပ်ကြပ်ကြီး စိုင်းအောင်လှ၊ အရန်မီးသတ်တပ်ခွဲမှူး ဦးစိုင်းလူလှိုင်တို့မှ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment