Pages

Pages

(၇၆)နှစ်မြောက် ပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ


MNP  -   ဖေဖော်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၌ (၇၆)နှစ်မြောက် ပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကြိမ်ချောင်း​ကျေးရွာ၌ ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းဖွင့်ပွဲအား ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေပိုင်းက အဆိုပါ လမ်းမုခ်ဦး၌ ကျင်းပခဲ့သည်။


ဦးစွာ မအူပင်ခရိုင် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်က အဖွင့်အမှာစကား ပြောကြား၍ မြို့နယ်ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်လင်းနိုင်က ဖွင့်ပွဲပြုလုပ် သည့်လမ်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရစ် လမ်းအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။


အဆိုပါ ကွန်ကရစ်လမ်းသည် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာ​ရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်​ရေး စီမံကိန်း(VDP)ဖြင့် အ​ကောင် အထည်​ဖော်​ဆောင်ရွက်ခဲ့ပြီး လမ်းအရှည် (၁၀၀၀)ပေ၊ လမ်းအကျယ် (၆)ပေနှင့် ထု (၆) လက်မရှိကြောင်း သိရသည်။


ထက်ဝေဖြိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment