Pages

Pages

ဆောင်းသီးနှံနေကြာ စိုက်ပျိုးထားရှိမှုအား မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှု


MNP  -   ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ဆောင်းသီးနှံနေကြာစိုက်ခင်းများ စိုက်ပျိုးထားရှိမှုအား မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  ယနေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ပုသိမ်မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် အဖွဲ့ဝင်များက ပေါက်ကုန်းကျေးရွာ အုပ်စု၊ ဘုရားကြီးကုန်း ကျေးရွာရှိ တောင်သူဦးအောင်ကျော်ခိုင်၏ ဆောင်းသီးနှံနေကြာ(၅)ဧက စိုက်ခင်းနှင့် တောင်သူဦးအေးသောင်း၏ ဆောင်းသီးနှံနေကြာ(၅)ဧက စိုက်ခင်းများအား  ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး နေကြာသီးနှံအောင်မြင်ဖြစ်ထွန်းရေး အတွက် လိုအပ်သည်များအား မှာကြားဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။


မြင့်ဟန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment