Pages

Pages

ပေါက်တောမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းပြုလုပ်





MNP  -   ဖေဖော်ဝါရီ  ၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ နှင့် စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ခေတ်ကိုပြောင်းကြစို့ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကြသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ် ချက်အား ရှင်းလင်းပြောကြားသည်။ 


ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ပေါက်တောမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် များက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ခေတ်ကိုပြောင်းကြစို့စာအုပ်ပါအကြောင်းအရာ များအား အသီးသီးဝိုင်းဝန်း ဆွေးနွေးကြသည်။


အဆိုပါ စာဖတ်ဝိုင်းသို့ (Book Club) အဖွဲ့ဝင်များစုစုပေါင်း ၁၅ ဦးတက်ရောက်ကြသည်။


 https://t.me/MyanmarNationalPost


No comments:

Post a Comment