Pages

Pages

ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း(Booster)ဆက်လက်ထိုးနှံ




MNP   -   ဖေဖော်ဝါရီ ၂၀

    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထပ်ဆောင်း(Booster)များ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့၊ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနတွင် ဒေသခံပြည်သူ(၄၄)ဦး လာရောက်ထိုးနှံခဲ့ကြောင်းသိရသည်။


     အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး များ လာရောက်ထိုးနှံသည့် ပြည်သူလူထုများကို ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူရှိန်တိုင်းတာခြင်း၊ သွေးပေါင်းချိန်တိုင်းတာ ခြင်းစသည့်  ကျန်းမာရေး စစ်​ဆေးမှုများ ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ် စည်းကမ်းချက် များနှင့်အညီထိုးနှံပေးခဲ့သည်။


   ပုဏ္ဏားကျွန်းမြို့နယ်တွင် ယနေ့အထိ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း (Booster)ထိုးနှံပြီးစီးသူ (၄၀၈၈၄)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment