Pages

Pages

နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပလပ်စတစ်ညစ်ညမ်းမှု အသိပညာပေးTalk Show ဆောင်ရွက်


MNP   -    ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်လွဲ(၂)နာရီ အချိန်က ပလပ်စတစ်ညစ်ညမ်းမှု အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါမှန်သမျှသည် ပတ်ဝန်းကျင်ကို အမှီသဟဲပြုနေကြရပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ပလပ်စတစ်များဟာ အလွန်အရေးပါသည့် အခန်းမှပါဝင်ကြောင်း၊ ပလပ်စတစ်များဟာ လူသုံးကုန်ပစ္စည်းအတွက် ထုပ်ပိုးရာတွင် ပေါ့ပါးခိုင်ခံ့ခြင်း၊ ဈေးနှုန်း သက်သာခြင်း၊ စွန့်ပစ်ရန်လွယ်ကူခြင်းတို့ကြောင့် လူတိုင်းအသုံးပြုလာတာများလာကြပြီး စနစ်တကျ စွန့်ပစ်မှသာ ပတ်ဝန်းကျင်ထိခိုက်မှု မဖြစ်စေနိုင်ပါကြောင်း ပလပ်စတစ်သည် ကမ္ဘာ့ရေထုကိုသာမက လေထုနှင့်မြေထုကိုလည်း ဆိုးရွားစွာညစ်ညမ်းစေသလို သုံးစွဲမှုကိုလျော့ချသုံးစွဲသွားကြစေလိုပါကြောင်း အကျယ်တစ်ဝင့် ဆွေးနွေးခဲ့ပြီး၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က “ပလပ်စတစ်ပစ္စည်းများကို လျော့ချသုံးစွဲခြင်းသည် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကို ကာကွယ်ထိန်းသိမ်းနိုင်မည့်အပြင် သက်ရှိတို့၏ ဂေဟစနစ်များနှင့် လူတို့၏ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်သွားနိုင်မှာဖြစ်ကြောင်း” အသီးသီး ဆွေးနွေးပေးခဲ့ သည်။


နမ့်ဆန်ဒေသအဆင့်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန် Talk Show များကျင်းပဆောင်ရွက်ခြင်း၊ စာအုပ်/စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းနှင့် လူငယ်များ အသိပညာစကားဝိုင်းများကိုလည်း စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment