Pages

Pages

ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ထိန်းသိမ်းဖွယ်ရာ ကျေးလက်တေးကဗျာ အသိပညာပေး Talk Show ဆောင်ရွက်


MNP   -   ဖေဖော်ဝါရီ ၂၂

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ထိန်းသိမ်းဖွယ်ရာ ကျေးလက်တေးကဗျာ အသိပညာပေး Talk Show ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေနှင့် ဒေါ်ဖြူဖြူဟန် Women Club (အဖွဲ့ဝင်) တို့က ထိန်းသွမ်းဖွယ်ရာ ကျေးလက်တေးကဗျာ ခေါင်းစဉ်ဖြင့် ကျေးလက်တေးကဗျာ အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


ဇော်ထက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment