Pages

Pages

ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ကျင်းပ



MNP   -    ဖေဖော်ဝါရီ ၁

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို  ယနေ့နံနက် (၁၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားသည်။


ထို့နောက် စာရေးဆရာ ခိုင်မင်း(နေပြည်တော်)က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်း၊  ကျောင်းသား၊ ကျောင်းသူများ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ ထားရှိရေးနှင့် ပြည်ထောင်စုနေ့အကြောင်း  သိကောင်းစရာများကို ဟောပြောသည်။


ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စကားပုံဆက်ပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲများ ပြုလုပ်ပြီး တာဝန်ရှိသူများက ဆုရရှိသူများအား အမှတ်တရဆုလက်ဆောင်များ အသီးသီး ပေးအပ်ချီးမြှင့်သည်။


အခမ်းအနားအပြီးတွင် ခင်းကျင်းပြသထားသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာ ဖတ်ရှုခဲ့ကြသည်။


ထွန်းထွန်းဝင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment