Pages

Pages

ဟင်္သာတခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ကလေးများ ကာယဉာဏစွမ်းရည် ပြိုင်ပွဲများကျင်းပ



MNP  -   ဖေဖော်ဝါရီ  ၂

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဟင်္သာတခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။


အဆိုပါ ပြိုင်ပွဲတွင် ဟင်္သာတမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းများ၊ အလယ်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၇ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများအပြီးတွင် ဆုရရှိခဲ့ကြသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြသည်။


အလားတူပင်   မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၇ ဦးတို့မှ ခရိုင်ပြန်ဆက်ရုံး ကလေးစာဖတ်ခန်းတွင် ကာယဉာဏ ဖွံ့ဖြိုးတိုးတက် စေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပွဲများကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment