Pages

Pages

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade (5)နှင့်Grade(9)အတန်းတင်စာမေးပွဲအား အေးချမ်းစွာဖြေဆို




MNP   -   ဖေဖော်ဝါရီ ၂၂

    မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထို မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade(5)နှင့် Grade(9) အတန်းတင် စာမေး ပွဲကို ဖေ‌ဖော်ဝါရီ ၂၂ ရက်က သက်ဆိုင်ရာအခြေခံပညာဦးစီးဌာန‌ ကျောင်းများတွင် ကျင်းပခဲ့သည်။


    အဆိုပါစာမေးပွဲကျင်းပရာတွင် ကျိုက်ထိုမြိုနယ်ရှိ စာစစ် ဌာန(၉၇)၌ Grade(5) စာမေးပွဲအား  ကျောင်းသား (၉၂၀)ဦးနှင့်ကျောင်းသူ(၉၃၄)ဦး စုစုပေါင်း(၁၈၅၄) ဦးတို့ဝင်ရောက်ဖြေဆိုကြပြီး Grade (9) စာမေးပွဲအားကျောင်းသား (၆၃၇)ဦး ကျောင်းသူ(၈၆၅)ဦး စုစုပေါင်း(၁၅၀၂)ဦးတို့ကအေးချမ်းစွာဝင် ရောက် ဖြေဆိုခဲ့ကြသည်။


     ကျောင်းသား၊ကျောင်းသူများစာမေး ပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး ဦးမောင်ညိုနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာ မများကစာစစ်ဌာနများတွင် အနီးကပ်ကြီးကြပ်ဆောင် ရွက်လျက်ရှိ ကြောင်းမြို့နယ်ပညာရေးဦးစီးဌာနမှသိရသည်။


ဝင်းမောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment