MSME ထုတ်ကုန်ပြပွဲနှင့်ရောင်းချပွဲ၌ ဖွင့်လှစ်ရောင်းချခဲ့သည့် လုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ပွဲအခမ်းအနား ကျောက်ဖြူမြို့၌ ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

MSME ထုတ်ကုန်ပြပွဲနှင့်ရောင်းချပွဲ၌ ဖွင့်လှစ်ရောင်းချခဲ့သည့် လုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ပွဲအခမ်းအနား ကျောက်ဖြူမြို့၌ ကျင်းပပြုလုပ်











MNP  -   ဖေဖော်ဝါရီ   ၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမ၌ ဖွင့်လှစ်ပြသခဲ့သည့် MSME ထုတ်ကုန်ပြပွဲနှင့် ရောင်းချပွဲတွင် ဆိုင်ခန်းများဖွင့်လှစ်ပြသရောင်းချခဲ့သော MSME လုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ည (၇)နာရီက အဆိုပါခန်းမရှိကွင်းပြင်၌ ကျင်းပပြုလုပ်ရာ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။ 


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးရဲလင်းမောင်က ယခုလို MSME ထုတ်ကုန်ပြ ပွဲနှင့် ရောင်းချပွဲတွင် ဆိုင်ခန်းများခင်းကျင်းပြသခဲ့သည့် MSME လုပ်ငန်းရှင်များကို တွေ့ရှိရသဖြင့် အထူး ပင်ကျေးဇူးတင်ရှိပါကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုသည် ဒေသအတွက်အလွန်အရေးကြီး ပါကြောင်း၊ မိမိတို့ဒေသထွက်ကုန်များကို တစ်စုတစ်စည်းတည်း မြင်တွေ့ခွင့်ရရှိသည့်အတွက် အလွန် ဝမ်းမြောက်မိပါကြောင်း၊ ဒေသထွက်ကုန်များကို ပြည်တွင်းတွင်သာမက ပြည်ပအထိတင်ပို့ရောင်းချနိုင် ရေး ကြိုးစားလုပ်ဆောင်စေလိုပါကြောင်း၊ နောင်တွင် MSME ထုတ်ကုန်ပြပွဲနှင့်ရောင်းချပွဲအား ယခုထက် ပိုမိုစည်ကားအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် MSME ထုတ်ကုန်ပြ ပွဲနှင့် ရောင်းချပွဲတွင် ဖွင့်လှစ်ပြသရောင်းချခဲ့သည့် MSME လုပ်ငန်းရှင်များကို တာဝန်ရှိသူများမှ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီး ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ညိုညိုမြင့်က ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်ပြီး  MSME လုပ်ငန်း ရှင်များကိုယ်စား လုပ်ငန်းရှင်တစ်ဦးမှ ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။ 


ကျောက်ဖြူမြို့၌ အဆိုပါ MSME ထုတ်ကုန်ပြပွဲနှင့် ရောင်းချပွဲကို ဇန်နဝါရီ (၃၁) ရက်နေ့မှ ဖေဖော်ဝါရီလ(၂)ရက်နေ့အထိ ဖွင့်လှစ်ပြသထားရှိပြီး ညပိုင်းတွင် တေးဂီတအစီအစဉ်များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။ 


တင်ထွန်းဦး၊ ဖြိုးဝေလင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)