Pages

Pages

မြင်းမူမြို့နယ်တရားရုံးအား PDF အကြမ်းဖက်သမားများက လက်လုပ်ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်



MNP ၊ ဖေဖေါ်ဝါရီလ ၂ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့၊ ကျန်စစ်သားရပ်ကွက်ရှိ မြိုနယ်တရားရုံးအား  မနေ့က ည ၇ နာရီခန့်တွင် PDF အကြမ်းဖက်သမားများက လက်လုပ်ရှော့တိုက်ဒုံးဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်သွားကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများက လက်လုပ်ရှော့တိုက်ဒုံးဖြင့် အဝေးမှ ပစ်ခတ်ခဲ့ရာ ရှော့တိုက်ဒုံး ၁ လုံးမှာ ခေါင်မိုးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် ၁ လုံးမှာကုက္ကိုပင်အား ထိမှန်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ခေါင်မိုးပေါ်ကျရောက်ပေါက်ကွဲမှုကြောင့် သွပ်မိုး ၁ ချပ်၊ ကော်ထိုင်ခုံး ၂ လုံးတို့ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း သိရသည်။


#MyanmarNationalPost

NLD အစွန်းရောက်များ ဖွဲ့စည်းထားသော CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား ပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ ၂နှစ်တာ ကာလအတွင်း အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၅၄၄၃ ဦးအထိ သေဆုံးခဲ့ရပြီး ဖြစ်ကြောင်း ကာ/လုံအစည်းအဝေး (၁/၂၀၂၃)ထုတ်ပြန်ချက်များအရ သိရသည်။


No comments:

Post a Comment