Pages

Pages

ပုလဲမြို့နယ်၊ ဆင်ရှင်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမား (၇)ဦးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ




MNP ၊ ဖေဖော်ဝါရီ ၃ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် ဆင်ရှင်ကျေးရွာအနီးတွင် ဇန်နဝါရီလ ၃၁ ရက်နေ့  နေ့လယ် ၁ နာရီခွဲခန့်တွင် လုံခြုံရေးအဖွဲများက အများပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် နယ်မြေရှင်းလင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိရာ PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား (၇)ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများက လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် နှိမ်နင်းရာ အကြမ်းဖက်သမားများ ထွက်ပြေးသွားခဲ့ကြသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်ကြပ်မကွာ လိုက်လံရှင်းလင်းရာ -

PDF အကြမ်းဖက်သမား (၇)ဦး အသေ၊ အမ် ၂၂ သေနတ် ၁ လက်၊ ကေ ၂၅ သေနတ် ၁ လက်၊ - လက်လုပ်သေနတ် ၁ လက်၊ တရုတ်စက်လက် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည်မျိုးစုံ ၁၈၀ တောင့်၊ လက်လုပ်မိုင်း ၂ လုံး၊ MRDA ဘတ်တံဆိပ် ၂ ခု တိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)


No comments:

Post a Comment