Pages

Pages

ရွှေဘိုမြို့နယ်၊ ဘုန်းကွဲကျေးရွာအနီးတွင် ၁၂ ဘီးမော်တော်ယာဉ်အား PDF အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်



MNP ၊ ဖေဖော်ဝါရီ ၅ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဘုန်းကွဲကျေးရွာအနီးတွင် ၁၂ ဘီးမော်တော်ယာဉ်အား PDF အကြမ်းဖက်သမားများက ယမန်နေ့ နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့မှမောင်းနှင်လာသော ၁၂ ဘီးယာဉ်အား PDF အကြမ်းဖက်သမားများ က ကောက်ကျစ်ယုတ်မာစွာ မိုင်းဆွဲတိုက်ခိုက်သောကြောင့် ယာဉ်မောင်းမှာ ဦးခေါင်းထိပ် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပြီး တာဝန်ရှိသူများက ရွှေဘိုပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)

No comments:

Post a Comment