Pages

Pages

သာပေါင်းမြို့နယ် စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ Super Sun 41 ဆောင်းနေကြာမျိုး သီးသန့် စိုက်ကွင်း(၈)ဧက စိုက်ပျိုးခဲ့ပြီး (၂)ဧက ထပ်မံစိုက်ပျိုးပေးခဲ့



MNP  -   ဖေဖော်ဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ အောင်တပ်ကျကျေးရွာ၊ အောင်တပ်ကျေးရွာတွင် Super Sun 41 ဆောင်းနေကြာသီးသန့် စိုက်ကွင်း(၈)ဧက စိုက်ပျိုးခဲ့ပြီး (၂)ဧက ထပ်မံစိုက်ပျိုးမှု အား ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲ အချိန်က ကြည့်ရှုအားပေးခဲ့သည်။


မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ် စိုက်ပျိုး‌ရေး ဦးစီးအရာရှိ၊ စိုက်တိုးမြင့်ကော်မတီအတွင်း‌ရေးမှူး ဦးမျိုးမြင့်လွင်၊ ကျေးရွာ စိုက်တိုးမြင့် ကော်မတီအဖွဲ့တို့က အောင်တပ်ကျေးရွာအုပ်စု၊ အောင်တပ်ကျေးရွာ၊ ကွင်းအမှတ် (၆၈၃)၊ ဦးပိုင်အမှတ်(၄၃)၊ တောင်သူဦးဝင်းထိုက်၏ လယ်မြေဧရိယာ(၁၀)ဧကတွင် Super Sun 41 နေကြာမျိုးစေ့(၈)ဧက စိုက်ပျိုးခဲ့ပြီး (၂)ဧက ထပ်မံစိုက်ပျိုးမှု အခြေအနေများအား ကြည့်ရှုအား‌ပေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မျိုးဇော်သိန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment