Pages

Pages

ပေါင်မြို့နယ်တွင် လူကုန်ကူးမှုအကြောင်းသိကောင်းစရာ အသိပညာပေး(Talk Show) ပြုလုပ်



MNP   -  ဖေဖော်ဝါရီ   ၁

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် လူကုန်ကူးမှုအကြောင်းသိကောင်းစရာ  အသိပညာပေး(Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက  ( Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားသည်။


‌ထို့နောက် အမှတ် (၉)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု မှရဲအုပ်စိုးကျော် ကလူကုန်ကူးမှုလျော့နည်းပပျောက်စေရန်လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ကြုံတွေ့ရသည့်ဆိုးကျိုးများ၊လူကုန်ကူးမှုဥပဒေအသစ်ရေးဆွဲပြဌာန်းခဲ့မှုနှင့်စပ်လျဉ်း၍ပြည်သူများသိရှိစေရန် ရှင်းလင်းပြသမှုများ၊လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အဖွဲ့အစည်းများတည်ရှိသည့်နေရာများ၊ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ စသည့်အကြောင်းအရာများကိုဆွေးနွေးခဲ့ကြောင်း သိရသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်  ( Talk Show) ပြုလုပ်ခြင်းဖြင့်  ပြည်သူများအသိပညာများတိုးပွားစေရန်ရည်ရွယ်ပါသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment