ဇေယျာသီရိမြို့နယ်၌ လူငယ်နှင့်လောင်းကစားဥပဒေအသိပညာပေး Talk Show ရိုက်ကူးထုတ်လွှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇေယျာသီရိမြို့နယ်၌ လူငယ်နှင့်လောင်းကစားဥပဒေအသိပညာပေး Talk Show ရိုက်ကူးထုတ်လွှင့်


MNP   -   ဖေဖော်ဝါရီ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ လူငယ်နှင့် လောင်းကစားဉပဒေအသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ရိုက်ကူးထုတ်လွှင့်ခဲ့ကြောင်း သိရသည်။                                                                            


ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုရရှိစေရန် online မှတစ်ဆင့် အသိပညာပေးအစီစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိရာ ယနေ့တွင်  လူငယ်နှင့်လောင်းကစားဉပဒေ အသိပညာပေး Talk Show ကို ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးတို့က လောင်းကစား ကိရိယာများအကြောင်း၊ ဉပဒေအရသတ်မှတ်ထားသည့် လောင်းကစားနည်းများ၊ အများပြည်သူနှင့် ဆိုင်သည့်နေရာများတွင် လောင်းကစားပြုလုပ်ပါက ဖမ်းဆီးအရေးယူနိုင်သည့်ဉပဒေများနှင့် လောင်းကစားမပြုလုပ်သော်လည်း လောင်းကစားပြုလုပ်နေသည့်နေရာကို ရောက်ရှိနေပါက အရေးယူခံရနိုင်သည့်အခြေအနေများအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့သည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇေယျာသီရိမြို့နယ်ရုံးမှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


ထွန်းလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)