Pages

Pages

လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးTalk Show ဆောင်ရွက်



MNP   -   ဖေဖော်ဝါရီ ၂၀

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)  တွင် ယနေ့ နံနက် ၁၁ နာရီက မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဥ်ဖြင့် အသိပညာပေးTalk Show ဆောင်ရွက်ခဲ့သည်။


အဆိုပါ Talk Show တွင် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် တရားလွှတ်တော်ရှေ့နေဒေါ်ဝင့်ဝင့်အေးတို့က မူးယစ်ဆေးဝါး ဆိုသည်မှာ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာမည့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် ခန္ဓာကိုယ်တွင် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်နေသော မှုခင်းများအကြောင်း လူငယ်များသိရှိစေရန်အတွက် အသိပညာပေး မေးမြန်းဆွေးနွေးခဲ့သည်။


လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေ အသိပညာနှင့် ဗဟုသုတများ တိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Show ဆွေးနွေးပွဲများ၊ ပြည်သူအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဝေကြည်

 https://t.me/MyanmarNationalPost




No comments:

Post a Comment