Pages

Pages

နာဂယ်စမန်းကို ထုတ်ပယ်ပြီး သောမက်စ်တူချယ်ကို နည်းပြချုပ်အဖြစ်ခန့်အပ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်



MNP - မတ်  ၂၈


ဘိုင်ယန်မြုးနစ်အသင်းဟာ နည်းပြဖြစ်သူ ဂျူလီယန် နာဂယ်စမန်းကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ဖြစ်ကြောင် သိရသည်။နာဂယ်စမန်းဟာ ဘိုင်ယန်မြူးနစ်အသင်းနည်းပြဘဝတစ်လျှောက် ပွဲပေါင်း ၈၄ပွဲကိုင်တွယ်ခဲ့ပြီး ပွဲ ၆၀ အနိုင်၊ ၁၄ ပွဲသရေ၊ ၁၀ ပွဲသာရှုံးနိမ့်ထားပြီး ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပေမယ့် ဘွန်ဒက်လီဂါတွင် ဒေါ့မွန်အသင်းနောက် ဒုတိယနေရာတွင် ရပ်တည်နေတာကြောင့် ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။


ဘိုင်နယ်မြူးနစ်အသင်းဟာ ဂျူလီယန် နာဂယ်စမန်းကို ထုတ်ပယ်ပြီး နည်းပြသစ်အဖြစ် ဒေါ့မွန်အသင်း၊ PSGအသင်းတို့ကို နည်းပြခဲ့ဖူးပြီး ချဲလ်ဆီးအသင်းနှင့် ချန်ပီယံလိဂ်ဖလားအပါအဝင် အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ ဂျာမန်လူမျိုး သောမက်စ်တူချယ်ကို ခန့်အပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment