MNP - မတ် ၃
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများသို့မီးဘေးအန္တရာယ် ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးခြင်းကို မတ်လ(၃)ရက် နံနက်ပိုင်း က အဆိုပါစာစစ်ဌာနများသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်စေရန်နှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်မှုမရှိစေရေးတို့အတွက် မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများရှိ စာဖြေခန်း များတွင် မီးကြိုးများ တပ်ဆင်ထားမှုအခြေအနေ၊ မီးသတ်ဆေးဗူးထားရှိမှု၊ ကျောင်းဝင်းအတွင်း ရေကန်များ ရေဖြည့်သွင်းထားရှိမှု၊ အမှိုက်သရိုက်များအား စနစ်တကျရှင်းလင်းထားရှိမှု၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ ထားရှိမှုတို့ကို မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိစေရေး ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးရာတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူမြို့နယ်လျှပ်စစ် ဝန်ထမ်းများ၊ပညာရေးဌာနမှတာဝန်ရှိသူများပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment