Pages

Pages

ဂွမြို့နယ်တွင် (၂၆)ကြိမ်မြောက်ပါဠိပထမပြန်စာမေးပွဲနှင့် (၂၅)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ




MNP ၊ မတ် ၂၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပါဠိ(၂၆)ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂နာရီအချိန်က သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။


ထိုသို့ကျင်းပရာတွင် သတ်မှတ်နေ့ရက်များအလိုက်  ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း(၅)ပါး၊ ပထမလတ်တန်း(၃)ပါး၊ ပထမငယ်တန်း(၅)ပါး၊ အခြေပြုမူလတန်း(၃)ပါး စုစုပေါင်း စာဖြေသံဃာ (၁၆)ပါး ဖြေဆိုကြပြီး မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ စာမေးပွဲဖြေဆိုသည့်ကာလအတွင် အဆင်ပြေအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ် ကူညီဆောင်ရွက်ပေးခဲ့သည်။


ဂွမြို့နယ်တွင် ပါဠိပထမပြန်(ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်း)စာမေးပွဲကို မတ်လ ၂၈ရက်နေ့မှ ဧပြီလ ၃ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှသိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment