Pages

Pages

ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာ ဆင်သေချောင်း ယာယီထိန်းဆည်မှ ရေများစတင်ပေးဝေ


MNP ၊ မတ်  ၈

ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာ ဆင်သေချောင်း ယာယီရေထိန်းဆည်မှ ကွင်းအမှတ် ၁၆၂၃ ကွင်းနှင့် ၁၆၂၄ ကွင်းအတွင်းရှိ စိုက်ဧကများသို့ ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ရေများပေးဝေလျက်ရှိသည်။


အဆိုပါ ရေပေးဝေမှုနှင့်ပတ်သက်၍ "အေးမြင့်သာယာကျေးရွာ ဆင်သေချောင်း ယာယီရေထိန်းဆည်မှ လျှပ်စစ်ရေတင်စနစ်ဖြင့် ကွင်းအမှတ် ၁၆၂၃ ကွင်းနှင့် ၁၆၂၄ ကွင်းများသို့ ယနေ့နံနက်ပိုင်းမှ စတင်၍ ရေများပေးဝေလျက်ရှိပါတယ်၊ အဆိုပါ ရေရရှိပါက တောင်သူများအနေဖြင့် စိုက်ဧက(၁၈၅)ဧကကို ရေလုံလောက်စွာရရှိမှာဖြစ်ပြီး နွေသီးနှံများဖြစ်သည့် နှမ်းနှင့် ပဲတီစိမ်းသီးနှံများကို အဓိကထား စိုက်ပျိုးသွားမည် ဖြစ်ကြောင်း" ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ထိန်းသိမ်းရေး)မှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းထံမှ သိရသည်။


သန္တာလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment