MNP - မတ် ၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ ရခိုင်ရှေးဟောင်းယဉ်ကျေးမှု သမိုင်းဝင် အမွေ အနှစ် ကိုးသောင်းပုထိုးတော်ကြီးကို ပထမဆုံးအကြိမ်မြောက် ဗုဒ္ဓပူဇနိယျပွဲတော်ကို မတ်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၃ ညတိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည် ဖြစ် ကြောင်း သိရသည်။
ကိုးသောင်းပုထိုးတော်ကြီးမှာ မြောက်ဦးမြို့ နန်းတော်ရာကုန်း၏ အရှေ့ဘက် တစ်မိုင်ခွဲခန့် အကွာတွင် တည်ရှိပြီး အေဒီ ၁၅၅၃-၁၅၅၆ ခုနှစ်အတွင်း ရခိုင်ဘုရင် မင်းတိက္ခာ က တည်ထား ခဲ့သော ပုထိုးတော်ကြီး ဖြစ်သည်။
ပွဲတော်တွင် နေ့ပွဲများဖြစ်သော ဗုဒ္ဓဘိသေကအနေကဇာတင် ပူဇော်ခြင်း၊ ပရိတ်ပဌာန်းဒေသ နာတော်မြတ် ရွတ်ဖတ်ပူဇော်ခြင်း၊ ရခိုင့်ရိုးရာကျင်ပွဲတွင် အကြီးတန်း၊အလတ်တန်း၊ အငယ်တန်း ၊ပိုက်ကျော်ခြင်းပြိုင်ပွဲ ၊ အမျိုးသမီး မ (၁၀) ဦး လွန်ဆွဲပြိုင်ပွဲများ နှင့် ညပွဲဖြစ်သော အောင်ပွဲစံ ဇတ်သဘင်ဖြင့် ကပြဖျော်ဖြေသွားမည်ဖြစ်ပြီး ကိုးသောင်း ဘုရားပွဲ တော် ကျင်းပခြင်းမရှိသည်မှာ ကြာမြင့်ပြီ ဖြစ်၍ ယခုချိန်တွင် ပထမဆုံး အကြိမ်အဖြစ် ပြန်လည် ကျင်းပခြင်းဖြစ်ပြီး ဗုဒ္ဓပူဇနိယျပွဲတော်ကြီးကို သက္ကရာဇ် ၁၃၈၄ ခုနှစ် တပေါင်းလ ပြည့် ကျော် ၁၃ ရက်နေ့ မှ ၁၅ ရက်နေ့ထိ၊ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့မှ ၂၀ ရက် နေ့အထိ ၃ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ဆင်ယင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း ကိုးသောင်းဘုရား ဂေါပက အဖွဲ့ ဥက္ကဌ ဦးမောင်ညွန့် ထံမှ သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost





No comments:
Post a Comment