Pages

Pages

သံတွဲမြို့၌ ၁၃၈၄ ခုနှစ်၊မဟာသင်္ကြန်စည်ကားသိုက် မြိုက်စွာကျင်းပနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP ၊ မတ် ၃၀

           သံတွဲမြို့၌ ၁၃၈၄ ခုနှစ်၊မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁း၃၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


            အခမ်းအနားတွင် သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ် ကအဖွင့်အမှာစကားပြောကြားခဲ့သည်။၎င်းနောက်မြန်မာ့ရိုးရာမဟာသင်္ကြန်ကျင်းပရေးလုပ်ငန်းကော်မတီများကလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေနှင့်လိုအပ်ချက်များအားဆွေးနွေးတင်ပြကြရာ ဥက္ကဌ ကလိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။


                   အဆိုပါအစည်းအဝေးဆုံးဖြတ်ချက်အရ ၁၃၈၄ ခုနှစ်မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကို

သံတွဲမြို့ပြည်သူ့ဆေးရုံရှေ့တွင် လည်းကောင်း ၊ ဖျော်ဖြေရေးမဏ္ဍပ်ကိုငပလီမြို့ ၌ လည်းကောင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ယိမ်းအကအလှအဖွဲ့များ ၊The One Music Band နှင့် Stranger Music တေးဂီတအဖွဲ့များကဖျော်ဖြေပေးမည်ဖြစ်ကြောင်း၊ ယိမ်းပြိုင်ပွဲများကို လာမည့် ၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲမှသာဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment