Pages

Pages

ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေး



MNP ၊ မတ်  ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် ၆ နာရီမှ စတင်၍ ထုတ်ပေးလျက်ရှိရာ  ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ထုတ်ပေးရာတွင် ပင်စင်လာရောက်ထုတ်ယူသူများအနေဖြင့် ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့်လည်း မိသားစုဝင် တစ်ဦးဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း ကံမမြို့နယ်တွင်  မြို့ပြပင်စင် (၆၁၅) ဦး၊  ကာကွယ်ရေးပင်စင် (၁၃၆) ဦး၊  နိုင်ငံရေးပင်စင်(၈၆)ဦးနှင့် မြန်မာ့စီးပွားရေးဘဏ် ပင်စင်(၉) ဦး  စုစုပေါင်း အငြိမ်းစားဝန်ထမ်း (၈၄၆)ဦးရှိကြောင်း ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ သိရသည်။


ကျော်ဇေယျဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment