Pages

Pages

ဂွမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၂၆၀)ဦးဖြေဆိုလျက်ရှိ




MNP ၊ မတ်  ၁၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ၈ရက်နေ့မှ စတင်၍ ဖြေဆိုလျက်ရှိရာ ယနေ့တွင် ပထဝီဝင် ဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ(၃၀၃)ဦးက အေး ချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။


 ဂွမြို့နယ်အနေဖြင့်  အ.ထ.က (ဂွ)စာစစ်ဌာန၊အ.ထ.က ဆပ်သွား စာစစ်ဌာနနှင့် အ.ထ.က ကျိန္တလီ စာစစ်ဌာန စသည်ဖြင့် စာစစ်ဌာန(၃)ခုသတ်မှတ်ထားပြီး စာစစ်ဌာနများတွင် ဖြေဆိုရန် စာရင်းရှိကျောင်းသား၊ကျောင်းသူ (၂၈၅)ဦး ရှိသည့်အနက်ဖြေဆိုသူ(၂၆၀)ဦး၊ပျက်ကွက်သူ(၂၅)ဦးရှိရာ ဖြေဆိုမှုရာနှုန်း(၉၁.၂၃)ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


ဂွမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကိုအေးချမ်းအောင်မြင်စွာ ပြီးစီးနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment