Pages

Pages

အသင်းအောင်မြင်ဖို့က အဓိကပါလို့ ပြောကြားခဲ့တဲ့ မန်ယူဗဟိုခံစစ်မှူး ဟယ်ရီမက်ဂွိုင်းယား



MNP - မတ်  ၁၇


မန်ချက်စတာယူနိုက်တက်အသင်း ဗဟိုခံစစ်ကစားသမား ဟယ်ရီမက်ဂွိုင်းယားက ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ သူ့ရဲ့အခြေအနေနဲ့ပတ်သတ်ပြီး "မန်ယူမှာရော ကွင်းပြင်ပမှာပါ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်၊ ဒါကြောင့် ကျွန်တော်ကစားရသည်ဖြစ်စေ မကစားရသည်ဖြစ်စေ ဒီကလပ်ရဲ့အောင်မြင်မှုကို နေ့တိုင်းပါဝင်ကူညီဖို့ ကြိုးစားနေပါတယ်၊ အဲဒါက အခု ကျွန်တော့်ရဲ့ ဦးစားပေးပါပဲ"လို့ BT  Sports သို့ ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဟယ်ရီမက်ဂွိုင်းယားက "ကျွန်တော် လေ့ကျင့်ရေးကွင်းမှာ ကြိုးကြိုးစားစားနဲ့ လုပ်နိုင်တာမှန်သမျှ အကောင်းဆုံးလုပ်နေမှာပါ"လို့ ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment