Pages

Pages

မိုင်းတုံမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ


MNP ၊ မတ်  ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ မြို့မအားကစားကွင်းတွင် ယမန်နေ့ညနေ (၃:၄၅)အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပခဲ့ရာ အခမ်းအနားသို့ မိုင်းတုံအခြေချ စစ်ဗျုဟာမှူး ဗိုလ်မှူးကြီးဇော်မင်းဦးနှင့် အဖွဲ့များ၊ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဉက္ကဋ္ဌ ဦးငြိမ်းထွန်း‌ကျော်နှင့် အဖွဲ့များ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့် အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ‌ပြည်သူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။


အဆိုပါဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက မိုင်းတုံမြို့နယ်အနေဖြင့် အမျိုးသမီးအသင်းမှနေ၍ မြို့ကို ဂုဏ်ဆောင်ပေးသွားပြီးဖြစ်ကြောင်း၊ အခုလူငယ်အသင်းများကလည်း ဂုဏ်ယူဝင့်ကြွားနိုင်အောင် ကြိုးစားသွားကြရန်၊ ကစားသောနေရာမှာလည်း အားကစားစိတ်ဓာတ်အပြည့်ဖြင့် ကစားသွားကြ‌စေလိုကြောင်း၊ စည်းကမ်းချမှတ်ပေးသည့်အတိုင်း လိုက်နာကြစေ‌လိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး မိုင်းတုံမြို့နယ် အားကာမှ ဦးကျော်သူအေးက အားကစားသမားများကို စည်းကမ်းနှင့်ပတ်သက်၍ ရှင်းလင်းသည်။ ထိုနောက် အားကစားသမားများ၏ သစ္စာအဓိဌာန် ရွတ်ဆိုပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ဖွင့်လှစ်ပြီးနောက် မိုင်းတုံအခြေချစစ်ဗျုဟာမှူး ဗိုလ်မှူးကြီးဇော်မင်းဦး၊ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဉက္ကဋ္ဌ ဦးငြိမ်းထွန်း‌ကျော်နှင့် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးတို့က အားကစားသမားများကို လိုက်လံမိတ်ဆက်ခြင်း၊ အနိုင်ရရှိသူများအတွက် မိုင်းတုံအခြေချစစ်ဗျုဟာမှူး ဗိုလ်မှူးကြီးဇော်မင်းဦးက ငွေကျပ် (၃၅၀၀၀ဝိ)ထောက်ပံ့ပေးပြီး  Youth Dsean(A) အသင်းနှင့် Mong Hsat( FC(A), အသင်းတို့ စတင်ပြိုင်ပွဲဝင်ခဲ့သည်။ ပြိုင်ပွဲတွင် Youth Dsean(A)၊ Phoenix FC(A), Goldsen Cangle (B),MT uniled (B),ITFC(B), ဌာနဆိုင်ရာ, (B), MT Young Boy (A),Mong Hsat(FC(A), အသင်း (၈)သင်းဖြင့် အလှည့်ကျ ယှဉ်ပြိုင်ကစားကြမှာဖြစ်ကြောင်း၊ အသင်း(၈)သင်းဖြင့် ၂၀-၃-၂၀၂၃ ညနေမှ ၆-၄-၂၀၂၃ ထိ ယှဉ်ပြိုင်ကစားကာ ဗိုလ်လုပွဲ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရှိရသည်။


ဝင်းဝင်းခိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment