MNP - မတ် ၂
ရှမ်းပြည်နယ်ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများ အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ)အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့် ထောက်ပံ့ငွေများအား ယနေ့ မွန်းလွဲ(၁)နာရီက စတင်၍ ဘိုးဘွားများ လက်ဝယ်အရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ တာဝန်ခံ ဒေါ်နန္ဒာလင်းနှင့် ဝန်ထမ်းများနှင့် မြို့နယ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင်များက မြို့ပေါ် ရပ်ကွက်နှင့် နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဘိုးဘွား(၁၉၃)ဦး၏ လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိရာ နမ့်ဆန်မြို့နယ်အတွင်း အသက်(၈၅) နှစ်နှင့် အထက်ရှိသူ (၁၉၃)ဦးအား ၂၀၂၂ ခုနှစ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ)အတွက် တစ်ဦးလျှင် (၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေ (၅၇၉၀၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment