Pages

Pages

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ သထုံတွင် အေးချမ်းစွာဆက်လက်ဖြေဆို





MNP ၊ မတ်  ၉

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ စာစစ်ဌာနများ တွင် မတ်လ ၉ ရက်၊ နံနက် ၉ နာရီ မှစတင်ကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသားကျောင်းသူများက အေးချမ်းစွာ ဆက်လက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။


သထုံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပသည့် စာစစ်ဌာန နှစ်ခုရှိပြီး အထက(၁)သထုံစာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းသူပေါင်း ၃၇၉ ဦးရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ ၃၅၁ ဦး၊ ပျက်ကွက် ၂၈ ဦး၊ အထက(ကျိုက္ကော်)၌ စာရင်းပေးသွင်းသူ ၁၈၅ ဦး၊ လာရောက်ဖြေဆိုသူ ၁၆၉ ဦး၊ ပျက်ကွက် ၁၆ ဦး၊ စုစုပေါင်းဖြေဆိုရန်စာရင်းသွင်းထားသူပေါင်း ၅၆၄ ဦးရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ ၅၂၀ ဦး၊ ပျက်ကွက်သူ ၄၄ ဦးရှိကြောင်း ကျောင်းသားကျောင်းသူများ လုံခြုံအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအသီးသီးတို့၌ တာဝန်ရှိသူများက ကြပ်မတ်ကူညီ ဆောင်ရွက်ပေး‌လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment