MNP ၊ မတ် ၂၁
ရခိုင်ပြည်နယ် ၊ အမ်းခရိုင် ၊ အမ်းမြို့ နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ နိုင်ငံ့စီး ပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်မည့် မွေးမြူရေးဆိုင်ရာ (အသားကဏ္ဍ) အ ရင်းမပျောက်မတည်ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီ အချိန်တွင်အထွေထွအုပ်ချုပ် ရေးဦးစီးဌာနရုံးအစည်းအဝေးခမ်းမ၌ ကျင်းပ ခဲ့သည်။
ရှေ့ဦးစွာ ခရိုင်မွေးမြူရေးဆိုင်ရာ (အသားကဏ္ဍ)ကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက် ကအဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်အနေ ဖြင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မားလာရေးအတွက် ဘက်ပေါင်းစုံမှ ထောက်ပံ့ပေး အပ်လျက်ရှိပါကြောင်း အရင်းမပျောက် မတည်ငွေများကို မပျောက်ပျက်စေဘဲ တိုးပွားလာစေရန် နှင့်အကျိုးရှိစွာ စနစ် တကျအသုံးချနိုင်ရေးအတွက် ဝိုင်း ဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလို ကြောင်းပြောကြားပြီးနောက် ခရိုင် မွေး မြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်လက် ထောက် ညွှန်ကြားရေးမှူး ဦးကျော်မိုးက မွေးမြူရေးဆိုင်ရာ (အသားကဏ္ဍ) အရင်းမပျောက် မတည် ရန်ပုံငွေပေး အပ်ရသည့်ရည်ရွယ်ချက်များနှင့်ဆောင် ရွက် မည့်လုပ်ငန်း အခြေအနေ များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့၏ နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေကျပ် သိန်း(၁၀၀၀)ကို ခရိုင်မွေးမြူရေဆိုင်ရာ (အသားကဏ္ဍ) ကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ ဦးအောင်ဇော်ထက်ကငွေကျပ်သိန်း( ၆၀၀)အားပေးအပ်ရာကြောင်ဖြူကွင်းကျေးရွာစီမံကိန်းကြီး ကြပ်မှုကော်မတီဝင်များလက်ခံရယူခဲ့ပြီး ခရိုင်မွေး မြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်လက် ထောက် ညွှန်ကြားရေးမှူး ဦးကျော်မိုးကငွေကျပ်သိန်း(၄၀၀) ပေးအပ်ရာ ထန်းချောင်းကျေးရွာ ကျေး ရွာ စီမံကိန်းကြီး ကြပ်မှုကော်မတီများမှ လက်ခံရယူခဲ့သည်။
အဆိုပါ မွေးမြူရေးဆိုင်ရာ (အသားကဏ္ဍ)အရင်းမပျောက်မတည်ရန်ပုံငွေကျပ်သိန်း(၁၀၀၀)ကို ထုတ်ချေးပေးခဲ့ခြင်းဖြစ်ပြီး ထုတ်ချေးငွေများအား မွေးမြူရေးဆိုင်ရာ(အသားကဏ္ဍ)တွင် အရင်းမပျောက်မတည်ငွေများအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူးဦးကျော် မိုးထံမှသိရသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ ၊ခရိုင် ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးလက်နေပြည်သူများ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment