လယ်ဝေးမြို့နယ်ရုံး ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်နှင့် ပန်းချီပြိုင်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လယ်ဝေးမြို့နယ်ရုံး ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်နှင့် ပန်းချီပြိုင်ပွဲ ကျင်းပ



MNP ၊ မတ်  ၂၁

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် ကလေးငယ်များ ကာယ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လစဉ်ပြိုင်ပွဲများကျင်းပပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီက​ ဆေးရောင်ခြယ်နှင့် ပန်းချီပြိုင်ပွဲ ကျင်းပခဲ့သည်။


အဆိုပါ​ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် မူလတန်းအဆင့်ကလေးငယ် ၁၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ၊ ပန်းချီပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကလေးငယ် ၁၄ဦး ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဒုတိယဦးစီးမှူး ဒေါ်ခင်ဝင်းမွန်နှင့် ဝန်ထမ်းများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


နေရည်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)