သာ​ကေတမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကျင်းပမည့် စာစစ်ဌာန(၂)ခု၌ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန် ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သာ​ကေတမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကျင်းပမည့် စာစစ်ဌာန(၂)ခု၌ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန် ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး


MNP   -   မတ် ၄

ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ယနေ့နံနက်(၉:၀၀)နာရီအချိန်က ၂၀၂၃ ခုနစ် မတ်လ ၈ ရက်‌နေ့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကျင်းပမည့် အမှတ်(၁)၊အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနများ၌ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများမှ ကွင်းဆင်း၍ ကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ စာစစ်ဌာန(၂)ခုအား ကြည့်ရှု့စစ်ဆေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ တက္ကသိုလ်၀င်စာမေးပွဲဖြေဆိုမည့် စာသင်ခန်းများ၌ အလင်းရောင်ရရှိမှုရှိ၊ မရှိ၊တပ်ဆင်ထားသည့် လျှပ်စစ်မီးချောင်းများ ကောင်းမွန်ခြင်း ရှိ၊ မရှိမီးဘေးလုံခြုံမှု ရှိမရှိကြည့်ရှု့စစ်ဆေးခဲ့ကြသည်။


ထို့ပြင်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် ကျောင်းဝင်းများ၌ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာန(၂)ခုရှိ ကျောင်းတာဝန်ခံများအား မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။


ဆောင်းနှင်းဖြူ 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)