Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံဂီတာတီးသင်တန်း ပြုလုပ်





MNP ၊ မတ် ၃၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံ ဂီတာ တီး သင်တန်း ကို ယနေ့ နေ့လယ် ၂ နာရီအချိန် မောင်တောခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးမြင့်ခိုင်က နွေရာသီ ကျောင်းပိတ် ရက်အတွင်း အခြေခံဂီတာ တီးသင်တန်း ကျင်းပပြုလုပ်ရခြင်း နှင့် ပတ်သတ်၍ ကျောင်းသား/သူလေးများအနေဖြင့်  ကျောင်း ပိတ်ရက်များအတွင်း အချိန်ကို အကျိုးရှိစွာသုံးတတ်စေရန် နှင့် မိမိတို့ ဝါသနာအတိုင်း ဂီတပညာရပ်တစ်ခုအား အခုလို စိတ်ပါဝင်စားစွာ တက်ရောက်လာကြသည့်အတွက် အနုပညာစွမ်းရည်များ တိုးတက်လာစေပြီး  အတတ်ပညာ တစ်ခု တတ်မြောက်ခြင်းအားဖြင့်  ဘဝအတွက် နောက်တစ်ချိန်တွင် အကျိုးပြုစေမည် ဖြစ်ကြောင်းစသည့်တို့ကို ပြော ကြားခဲ့သည်။


 ထို့နောက် ဂီတာသင်တန်းနည်းပြ ဦးအောင်လှိုင်ဦးက ဂီတာသင်တန်း နှင့်ပတ်သတ်၍ သိသင့် သိထိုက် သော အကြောင်းအရာများ ၊ သင်ကြားပို့ချမည့် ဂီတဘာသာရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။ 


အဆိုပါသင်တန်းအား အခြေခံပညာကျောင်းများ မှ ကျောင်းသား၊ ကျောင်းသူ ၅ ဦးက တက်ရောက်သင်ယူမည်ဖြစ်ပြီး သင်တန်းကာလမှ ၂ လတိတိဖြစ်ကြောင်း သိရသည်။ 


သက်လွင်စိုး ၊အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment