Pages

Pages

မင်းဘူးမြို့၌ ကျောင်းပြင်ပ မူလတန်းပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများအား ပစ္စည်းများထောက်ပံ့ပေးအပ်


MNP   -   မတ်   ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အမှတ်(၄) မကျီးချောင်းရပ် အခြေခံပညာ မူလတန်း(လွန်) ကျောင်းဝင်းအတွင်းရှိ ကျောင်းပြင်ပ မူလတန်းပညာရေးကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ များအား ထောက်ပံ့ရေး ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီက  စာသင်ဆောင်၌ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။


ထိုသို့ ပေးအပ်ရာတွင် မင်းဘူးမြို့ အမှတ် (၄) အုပ်ချုပ်ရေးမှူး ဦးမျိုးဆင့်နှင့် အဖွဲ့ဝင်များက ကျောင်းသား တစ်ဦးလျှင် ဆန် ၅ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ငွေ ၂၀၀၀၀ ကျပ်တို့ဖြင့် ကျောင်းသား၊ ကျောင်းသူ သုံးဦးအား ထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း သိရသည်။


အဆိုပါ ကျောင်းပြင်ပ မူလတန်း ပညာရေးကျောင်း (Non Formal Primary Education) ကျောင်းသည် မင်းဘူး(စကု) တစ်မြို့နယ်လုံးတွင် တစ်ကျောင်းသာရှိပြီး ဆင်းရဲချို့တဲ့သည့် မိဘများမှ မွေးဖွားသည့် ကလေးငယ်များ၊ မိဘများက အိမ်မှုကိစ္စ အဆင်မပြေကြ၍ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းများ တွင် တစ်ပိုင်းတစ်စဖြင့် ထွက်နေကြရသည့် ကလေးငယ်များ၊ အစိုးရ အခြေခံပညာကျောင်းများတွင် အချိန်ပြည့် စာမသင်ကြားနိုင်ကြတဲ့ ကျောင်းသား၊ ကျောင်းသူ မည်သူမဆို ၅ နှစ်မှ ၁၂ နှစ်အတွင်း လာရောက်သင်ကြားနိုင်ပြီး Level-1 နှင့် Level-2 (၂) နှစ် ပြီးဆုံးပါက အခြေခံ ပညာကျောင်းများတွင် Grade-6 မှစ၍ ဆက်လက်သင်ကြားနိုင်သည့် အခွင့်အရေးများရှိကြောင်း မကျီးကျောင်း မူ/လွန် ကျောင်းအုပ်ဆရာကြီး ဦးဝင်းမောင်ထံမှ သိရသည်။


ဇေယျာထက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment