မောက်မယ်မြို့နယ်၌ ရာသီစာ ဒန့်သလွန်သီး ခူးဆွတ်ရောင်းချသူများ မိသားစု အပိုဝင်ငွေ ရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မောက်မယ်မြို့နယ်၌ ရာသီစာ ဒန့်သလွန်သီး ခူးဆွတ်ရောင်းချသူများ မိသားစု အပိုဝင်ငွေ ရရှိ

 




MNP ၊ မတ်  ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်ရှိ ကျေးလက်ဒေသများနှင့် အနီးအနား ပတ်ဝန်းကျင်တစ်ဝိုက်ကျေးရွာများမှရာသီပေါ်သစ်သီး ၊ သစ်ဥ ၊ သစ်ဖု ၊ အသီးအရွက်များ ရှာဖွေ ခူးဆွတ်ရောင်းချ လုပ်ကိုင်စားသောက်နေသည့် ပြည်သူများ ရာသီပေါ်ဒန့်သလွန်သီး ခူးဆွတ် ရောင်းချခြင်းဖြင့်  မိသားစုစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေပေးနေကြကြောင်း ဒန့်သလွန်သီး ခူးဆွတ်ရောင်းချသူများထံမှ သိရသည်။


မောက်မယ်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ သစ်ဥ ၊ သစ်ဖု ရှာဖွေခူးဆွတ်ရောင်း ချသူများသည် ဘိုးစဉ်ဘောင်ဆက် အိမ်ခြံဝန်းအတွင်းကိုအမှီပြု၍ တစ်နှစ်မှာတစ်ကြိမ်ဆွတ်ခူးရောင်းချ လို့ရသည့် ရာသီပေါ်သီးနှံအမျိုးမျိုးကို ရှာဖွေတူးဖော် ဆွတ်ခူးရောင်းချနေသည့်ကျေးရွာများဖြစ်ကြရာ မျှစ် ၊ စားမှိုအမျိုးမျိုး ၊ ညောင်ချဉ်ဖူး ၊ မန်ကျည်းရွက် ၊ သနပ်ဖူး ၊ ဒန့်သလွန်သီးပေါ်ချိန်များတွင် ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေ ရရှိကြောင်း ၊ မောက်မယ်မြို့နယ် ၊ မိုင်းပုတ်ကျေးရွာအုပ်စုရှိ ခိုဆိုင်းကျေးရွာတွင် ဒန့်သလွန်ပင်များကို အိမ်ခြံစည်းရိုးများအတိုင်း အိမ်တိုင်းလိုလိုစိုက်ပျိုးထားရှိပြီး ရာသီပေါ်ချိန် ဒန့်သလွန်သီးများအား ခူးယူ၍ မြို့နယ်စည်ပင်သာယာစျေး ၅ ရက်တစ်စျေးသို့ လည်းကောင်း ရပ်ကွက်အတွင်းလှည့်လည် ရောင်းချခြင်းဖြင့် နှစ်စဉ် မိသားစုအပိုဝင်ငွေ ရရှိနေကြ ကြောင်း ဒေါ်နန်းအိမ်က ပြောပြ၍ သိရသည်။


စိုင်းမျိုးသန့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)