Pages

Pages

ကော့ကရိတ်မြို့၌ ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအတွက် အစည်းအဝေး ပြုလုပ်



MNP   -   မတ် ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ကရင်စာပေနှင့် ယဉ်ကျေးမှုအား ထိန်းသိမ်းရေး၊ ရိုးရာယဉ်ကျေးမှု မပျောက်ကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင်ယနေ့ နံနက်( ၁၀)နာရီချိန်က ကျင်းပပြုလုပ်သည်။


အစည်းအဝေးတွင် ကော့ကရိတ်မြို့ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ စောကျော်ဝင်းက ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အဖွဲ့ဝင်များအား ချပြဆွေးနွေးခဲ့သည်။


ထိုနောက် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမန်းအောင်ကြိုင်က တိုင်းရင်းသားဘာသာစကား၊ ရိုးရာယဉ်ကျေးမှုများ မပျောက်ကွယ်ရေးအတွက် ကရင်တိုင်းရင်းသားများမှ ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင် စောကြည်ဝမ်းက ကရင်စာပေဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ကရင်စာပေ တိုးတက်ပြန့်ပွားရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။


အဆိုပါ ဆွေးနွေးပွဲသို့ ကော့ကရိတ်မြို့ ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ Women Club အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။


ခင်မျိုးဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment