Pages

Pages

ဒေါက်တာအောင်ကြီးက ပြန်ကြားရေးဝန်ကြီးဌာနရှိ ရုံးများနှင့် စာကြည့်တိုက်များအတွက် ၎င်းရေးသားသည့် စာအုပ် ၅၀၀ ပေးအပ်လှူဒါန်း


MNP ၊ မတ်   ၈

ဒေါက်တာအောင်ကြီးက ပြန်ကြားရေးဝန်ကြီးဌာနရှိ ရုံးများနှင့် စာကြည့်တိုက်များအတွက်  စာအုပ်များလှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ     ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊   ဒုတိယဝန်ကြီး  ဦးရဲတင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ   အောင်ကြီး၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းထံသို့ ဒုတိယဝန်ကြီး ဒေါက်တာ  အောင်ကြီးက ၎င်းကိုယ်တိုင် ရေးသားပြုစုထားသော “ရင်ထဲကအဖေနှင့် ပတ်သက်သည့်စာစုများ”စာအုပ် ၂၅၀ နှင့် “စိုက်မွေးဆည်စာစုများ”စာအုပ် ၂၅၀ စုစုပေါင်း စာအုပ် ၅၀၀ တို့ကို ပေးအပ်လှူဒါန်းရာ (ယာပုံ)ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။


ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက စာအုပ်လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်း ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။       


 https://t.me/MyanmarNationalPost




No comments:

Post a Comment