Pages

Pages

သံတွဲမြို့နယ်ရှိစာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ ပထဝီဝင်ဘာသာရပ်အား အေးချမ်းစွာဖြေဆိုလျက်ရှိ



MNP ၊ မတ်  ၁၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ မတ်လ ၁၆ နံနက် ၉နာရီမှ စတင်၍ ပထဝီဝင်ဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ စာစစ်ဌာန(၅)ခုတွင် ကျောင်းသား၊ ကျောင်းသူ များ အေးချမ်းစွာစာမေးပွဲဖြေဆိုလျက်ရှိကြောင်းသိရသည်။


သံတွဲမြို့နယ်အတွင်းရှိစာစစ်ဌာနများဖြစ်သည့် အထက(၁)၊ အထက(ငပလီ)၊ အထက(ရွှေလှေ) အထက(ကင်းမော်)၊ အထက(ကျောက်ကြီး)စစစ်ဌာန (၅)ခုတွင် စာမေးပွဲဖြေဆိုရန် စာရင်းစာရင်းသွင်းထားသူ (၅၂၄)ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ( ၄၅၇ )ဦးရှိပြီး ပျက်ကွက်သူ (၆၇)ဦးရှိသဖြင့် ၈၇% ဖြေဆိုကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှသိရှိရသည်။


အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ  စာမေးပွဲပြီးဆုံးအထိ ကျောင်းသား/သူများ ချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မလိုလားအပ်သော ကိစ္စရပ်များ မဖြစ်ပေါ်စေရေး၊ မသမာသောကိစ္စရပ်များမဖြစ်ပေါ်စေရေးနှင့် စာမေးပွဲဖြေဆိုမှု အနှောက်အယှက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေစေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့်ရပ်မိရပ်ဖများပူးပေါင်း၍စာစစ်ဌာနအသီးသီး၌ လိုအပ်ချက်များကိုပေါင်းစပ် ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။ 


 https://t.me/MyanmarNationalPost



No comments:

Post a Comment