Pages

Pages

အမ်း မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးလှည့်လည် နှိုး ဆော်




MNP ၊ မတ်  ၁၉

ရခိုင်ပြည်နယ် ၊ အမ်းခရိုင်၊ အမ်းမြို့၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အတွက် မိဘပြည်သူများသိရှိရမည့် အကြောင်းအရာများအား   ယနေ့ နေ့လည် ၃ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များက   မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ဆော်သြခဲ့ကြောင်းသိရသည်။


     ထို့သို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းများဆောင်ရွက်ရာသို့ အမ်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးအောင်သန်းဌေး၏ကြီးကြပ်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ယခုအခါပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မိဘပြည်သူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာရုံးများတွင် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှချမှတ် ထားသော စည်းကမ်းချက်များနှင့် အညီလိုက်နာဆောင်ရွက်ထားရှိကြရန်နှင့်မော်တော်ယာဉ်များ၊ စက်သုံးဆီအရောင်းဆိုင်များ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာများ၊ ဌာနဆိုင်ရာ ရုံးအဆောက် အဦများ၊  ပုဂ္ဂလိကရုံးများ စသောနေရာများ၌ မီးဘေးကြိုတင်ကာကွယ်ရန်အ တွက် ထားရှိရန်လိုအပ်သော  မီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး ၊မီးသတ်လှေကားနှင့်မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိကြရန် လိုအပ်ကြောင်း ၊မီး လောင်မှုဖြစ် ပွားပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်ကြပါရန် အများပြည်သူ့များ သိရှိနိုင်ရေးအသိပေးလှည့်လည်နှိုးဆော်ခဲ့ကြကြောင်း သိရှိရသည်။ 


 https://t.me/MyanmarNationalPost




No comments:

Post a Comment