(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အမျိုးသား/ အမျိုးသမီး စက်ဘီးစီးပြိုင် ပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အမျိုးသား/ အမျိုးသမီး စက်ဘီးစီးပြိုင် ပွဲပြုလုပ်


MNP ၊ မတ် ၂၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏  ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အမျိုးသား/ အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် သတ်မှတ်နေရာ အသီးသီး၌ ပြုလုပ်ကြသည်။


ဦးစွာ အမျိုးသားပြိုင်ပွဲကို မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းရှိ စီပီလိုက်စက်ရုံရှေ့၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက သေနတ်ပစ်ဖောက်၍လည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်လမ်းဆုံ၌ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးက သေနတ်ပစ်ဖောက်၍လည်းကောင်း နံနက် ၆ နာရီမှ စတင်တာလွှတ်ပေးသည်။ ထို့နောက် အမျိုးသားပြိုင်ပွဲကို ပြည်လမ်းအတိုင်း ဝါယာ လက်၊ ခရေပင်လမ်းဆုံ၊ ထိုမှတဆင့် စော်ဘွားကြီးကုန်း ရှစ်မိုင်လမ်းဆုံ၊ လှည်းတန်း၊ မြေနီကုန်းမှ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်ရှေ့သို့လည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲကို လေဆိပ်လမ်းဆုံမှ ပြည်သူ့ရင်ပြင်ရှေ့သို့လည်းကောင်း အသီးသီး ပန်းဝင်ကြရာ တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူ များက အားပေးကြိုဆိုကြသည်။


ထို့နောက် အမျိုးသား/ အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲတွင် ဆုရရှိကြသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။ အဆိုပါ စက်ဘီးစီးပြိုင်ပွဲတွင် Mountain Bike အမျိုးသား ၃၃ ဦး၊ Road Bike အမျိုးသား ၁၂၀ ဦး၊ Road Bike အမျိုးသမီး ၁၈ ဦးနှင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ အမျိုးသမီးဝန်ထမ်း ၅၀ ဦး တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)