Pages

Pages

တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၉၅ ရာခိုင်နှုန်းကျော်ရှိ


MNP ၊ မတ်  ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီက စတင်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ(မြန်မာစာ) ဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၉၅ ရာခိုင်နှုန်းကျော်ရှိ ကြောင်း သိရသည်။


ချောင်းသာမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆို ရန် စာရင်းပေး ထားသူ ကျောင်းသား(၄၇)ဦး၊  ကျောင်းသူ(၇၅)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၄၄)ဦး၊ ကျောင်းသူ (၇၂)ဦးနှင့် ဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသား(၃)ဦး၊ ကျောင်းသူ(၃)ဦးရှိကြောင်း သိရသည်။


အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်း ပျော်ရွှင်စွာ ဖြေဆို နိုင်ရန်အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment