Pages

Pages

ဘီးလင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာအလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲပြုလုပ်


MNP ၊ မတ်  ၂၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်​ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ဘီးလင်းမြို့နယ် အ.ထ.က(ဘီးလင်း)ကျောင်းပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ကျိုက်ထိုခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မြမြမိုးက အဖွင့်အမှာစကားပြောကြားပြီး ဘီးလင်းမြို့နယ်ပညာရေးမှူးဒေါ်ညွန့်ရီက အလယ်တန်းအဆင့်ဘာသာရပ် စွမ်းရည်မြှင့်သင်တန်းပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါအလယ်တန်းအဆင့်ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲသို့ ဘီးလင်းမြို့နယ်အတွင်းရှိ အ.ထ.က(ခွဲ)၊ လယ်အုပ်နှင့်အလယ်တန်းပြ ဆရာ၊ ဆရာမ(၂၉၂)ဦးတို့ တက်ရောက်ကြပြီး သင်တန်းနည်းပြဆရာ၊ ဆရာမ(၉)ဦးတို့က နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ၄ ရက်ကြာ သင်ကြားပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment