Pages

Pages

မက်ဆီအနေနဲ့ ဘာစီလိုနာမှာဘဲ အနားယူသင့်တယ်လို့ တိုက်တွန်းခဲ့တဲ့ အသင်းဖော်ဟောင်း ဆာဂျီယိုအဂူရို



MNP - မတ်  ၂၉


မန်ချက်စတာစီးတီးအသင်းနှင့် အာဂျင်တီးနားလက်ရွေးစင်အသင်းတို့ရဲ့ ဂန္ဓဝင်တိုက်စစ်မှူးကြီး ဆာဂျီယို အဂူရိုကနိုင်ငံ့အသင်းဖော်ဟောင်းလီယွန်နယ် မက်ဆီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး "လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းကို  ပြန်သွားနိုင်ချေ ၅၀ရာခိုင်နှုန်းလောက် အခွင့်အရေးရှိတယ်လို့ ကျွန်တော် ခံစားရပါတယ်"လို့ ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဆာဂျီယို အဂူရိုက "လီယိုက ဘာစီလိုနာမှဘဲ အနားယူသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဘာစီလိုနာက သူ့အိမ်ပါ၊ သူ့ရဲ့ကစားသမားဘဝကို အဲ့ဒီမှာပဲ ပြီးဆုံးအာင်လုပ်သင့်တယ်၊ လာပေါ်တာ(ဘာစီလိုနာ ဥက္ကဌ)အနေနဲ့ လီယိုကို ပြန်ခေါ်ဖို့အတွက် အားထုတ်ရပါမယ်" လို့ ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment