Pages

Pages

ကျိုက်ထိုမြို့နယ်၌မြေဆီလွှာဖွံဖြိုးတိုး တက်ရေးအတွက် ပိုက်ဆံလျှော်စိုက်ခင်းအားထည်ထိုးမြေမြုပ်ပေး





MNP   -   မတ် ၁

    မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ်အတွင်းဒေသသီးနှံ စိုက်ပျိုးလျှက်ရှိသည့်တောင်သူများ၏ လယ်ယာ‌မြေအထွက်တိုးနှုန်း တိုးတက်မြင့်မားလာစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျိုက်ထိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကွင်းတာဝန်ခံများ အနီးကပ်ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။


   ယင်းသို့ဆောင်ရွက်ပေးရာတွင် မြေဆီ လွှာပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် မတ်လ ၁ ရက် နံနက်၇နာရီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဗိုလ်နှင့်ဝန်ထမ်းများက ကျိုက်ပိကျေးရွာတောင်သူ ဦးကျော်ဌေး ၏စိုက်ပျိုးဧက (၇)ဧကပိုက်ဆံလျှော်စိုက်ခင်းအားထည်ထိုးမြေမြှုပ်ပေးခြင်းကိုဆောင်ရွက်‌ပေးခဲ့သည်။


    ထိုသို့ဆောင်ရွက်ပေးခြင်းကြောင့်မြေဆီ လွှာခမ်းခြောက်လျှက်ရှိသည့် လယ်ယာမြေသည်နောက်နှစ်မိုးတွင်းကာလတွင် မြေဆီ လွှာပြည့်ဝလာပြီး မိုးစပါး/ နွေစပါး အပါ အဝင် ဆောင်းသီးနှံများ စိုက်ပျိုးရာတွင် အထွက်တိုးနှုန်းမြင့်မားလာ၍နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းစိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။


ဝင်းမောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment