Pages

Pages

ဂွမြို့တွင် ဒို့ကျေးရွာဂျာနယ်အတွဲ(၂၀)အမှတ်(၄)ပါ"အရည်အချင်းပြည့်လူငယ်များ ပေါ်ထွန်းလာရေး ဝိုင်းဝန်းပျိုးထောင်ကြရမည်" ဆောင်းပါးဖြင့် စာဖတ်ဝိုင်းပြုလုပ်




MNP ၊ မတ်  ၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို​ဌာန Community Centre ခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့် ယနေ့ ညနေပိုင်းက ဒို့ကျေးရွာဂျာနယ်အတွဲ(၂၀)အမှတ်(၄)ပါ"အရည်အချင်းပြည့်လူငယ်များ ပေါ်ထွန်းလာရေး ဝိုင်းဝန်းပျိုးထောင်ကြရမည်" ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို ကျင်းပ ပြုလုပ်ခဲ့သည်။


ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူငယ်များအနေဖြင့် စာပေကို လေးစားမြတ်နိုး တန်ဖိုးထားတတ်လာစေရန်၊ အသိပညာ၊ စာပေဗဟုသုတများရရှိစေရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်ပြီး လိမ္မာယဥ်ကျေးသည့် သားကောင်းသမီးကောင်းများ ဖြစ်လာနိုင်စေရန် ရည်ရွယ်၍  ယခုလို  စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ စာပေချစ်မြတ်နိုးသူများဖြစ်ကြသည့် မမိုးအိအိခိုင်၊ မောင်နန္ဒမင်းထက်၊ မဆုအိလှိုင်၊ မသွန်းကြယ်စင်လှိုင်၊ မသူဇာထွန်းတို့က  ဒို့ကျေးရွာဂျာနယ်အတွဲ(၂၀) အမှတ်(၄)ပါ အယ်ဒီတာ့အာဘော်မှ စာတည်းမှူး၏ "အရည်အချင်းပြည့်လူငယ်များ ပေါ်ထွန်းလာရေး ဝိုင်းဝန်းပျိုးထောင်ကြရမည် " ဆောင်းပါးအား  ဖတ်ကြားဆွေးနွေးခဲ့ကြပြီး   ဖတ်ကြားဆွေးနွေးချက်များအပေါ် ဦးစီးအရာရှိက ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment