Pages

Pages

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီ တော်မြတ်ကြီး ရောင်တော်ဖွင့်ပွဲနှင့် ကျောက်လုံးတော်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ







MNP ၊ မတ် ၆

ကျိုက်ထိုမြို့နယ်တွင် ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့်နေ့ခရစ်နှစ်၂၀၂၃ ခုနှစ်မတ်လ၅ ရက် နံနက် ၅ နာရီခွဲတွင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ရောင်တော်ဖွင့်ပွဲနှင့် ကျောက်လုံးတော်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပွဲအခမ်းအနားကိုကျင်းပခဲ့သည်။

ရှေးဦးစွာဆရာ‌တော် သံဃာတော်များအားဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးဂေါပကအဖွဲ့မှ ဆရာတော်သံဃာတော်အရှင်သူမြတ်များအားအာရုံဆွမ်းဆက်ကပ်လှူဒါန်းပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များမှ စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေက ဇာတင်လှူပူဇော်ခဲ့ကြသည်။

ယင်းနောက် ဩဝါဒဆရာတော်ကြီးများ ကစေတီတော်မြတ်ကြီးအား ရေသပ္ပါယ်၍ အမွှေးနံသာများပက်ဖျန်းကာ ရောင်တော် ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ရောင်တော်ဖွင့်ပွဲနှင့် လုံးတော်ပြည့်‌ရွှေသင်္ကန်းကပ်လှူပွဲအခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာသော ဧည့်ပရိတ်သတ်များမှ နမောတဿ(၃)ကြိမ်ရွတ်ဆိုကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး မွန်ပြည်နယ်သံဃနာယက ဥက္ကဌဘဒ္ဒန္တသာသန အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူတည်ဆောက်ကြပြီး ဆရာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ် တရားတော်များ ရွတ်ပွားသရဇ္ဈယ် ချီးမြှင့်ပေးခဲ့သည်။

ထို့နောက် ဆံတော်ရှင်ကျိုက်ထီးရိုး‌စေတီတော် ဂေါပကအဖွဲ့ခေါင်းဆောင် ဦးစိုးလှမှ‌ ရောင်တော်ဖွင့်ပွဲနှင့် ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားကာ ဆရာတော်သံဃာတော်များထံ လှူဖွယ်ဝတ္ထုများအား ဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တအာစရ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဆရာတော်ကြီးထံမှ အနုမောဒနာတရားတော်နားကြားကြပြီး ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment