Pages

Pages

မာန်အောင်မြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ



MNP ၊ မတ်  ၂၀

      ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကိုယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကကျောင်းသား/သူများနှင့် လမ်းသွား လမ်းလာ ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


     အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့ဦးတည်ချက်များ၊တပ်မတော်၏အား(၁၀)ပါး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူ မင်းအောင်လှိုင်၏ ၂၇-၃-၂၀၂၂ရက်နေ့ (၇၇) နှစ် မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ ၁၉၄၇ ခုနှစ်ဇူလိုင်လ၁၃ရက်နေ့ မြို့တော်ခန်းမတွင်ကျင်းပသည့် ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်နှင့်ပြည်သူချစ်တဲ့တပ်မတော် ကဗျာ၊ကာတွန်းစသည့် အချက်များ ပါဝင်သောသတင်းစကား လက်ကမ်းစာစောင်များကိုကျောင်းသား/သူများနှင့် ပြည်သူများ အား ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေး အတွက်အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment