Pages

Pages

နောင်ချိုမြို့နယ်၊ နောင်ချိုကြီးကျေးရွာ ကံထပ်၊ ရှင်ပြု - နားသ အလှူတော်မင်္ဂလာ တွင် အောက်စဖို့ဒ် ဆရာတော် ပါမောက္ခ ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ ၏ အကြိုဓမ္မသဘင် အောင်မြင်စွာ ကျင်းပ










MNP ၊ မတ် ၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဉာဏ်တောကျေးရွာအုပ်စု၊ နောင်ချိုကြီးကျေးရွာ အလှူ့ဒါယကာကြီး ဦးလှအောင် + အလှူ့ဒါယိကာမကြီး ( ဒေါ်စိန်တင်)တို့က အနန္တောအနန္တငါးပါး ဦးထိပ်ထားလျက် နောင်ချိုကြီးကျောင်း ဆရာတော် ဦးပညိန္ဒ နှင့် နှစ်ဖက်မိဘတို့အား ရည်စူး၍ မိခင်ကြီး ဒေါ်သိန်းရွှေအား အမှူးထားလျက် ကံထပ်၊ ရှင်ပြု၊ နားသ အလှူတော်မင်္ဂလာ ကျင်းပရာ ယနေ့ည အောက်စဖို့ဒ် ဆရာတော် ပါမောက္ခ ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ  ကြွရောက်၍ တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူခဲ့ကြောင်း သိရသည်။


ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဗုဒ္ဓတက္ကသိုလ်ဦးစီးတည်ထောင်သူ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ် ဆရာတော် ပါမောက္ခ ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ ကြွရောက်၍ အလှူပွဲအကြိုဓမ္မသဘင်ကို ဟောကြားချီးမြင့်တော်မူရာ ရပ်နီး၊ ရပ်ဝေး မှ တရားနာပရိတ်သတ် ၅၀၀ ကျော် လာရောက်တရားနာယူကြပြီး ဆရာတော်က "ဒုလ္လဘ ရခဲသလား" တရားတော်ကို ဟောကြားချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အလှူ့ဒါယကာကြီး ဦးလှအောင် + အလှူ့ဒါယိကာမကြီး ( ဒေါ်စိန်တင်)တို့က အနန္တောအနန္တငါးပါး ဦးထိပ်ထားလျက် နောင်ချိုကြီးကျောင်း ဆရာတော် ဦးပညိန္ဒ နှင့် နှစ်ဖက်မိဘတို့အား ရည်စူး၍ မိခင်ကြီး ဒေါ်သိန်းရွှေအား အမှူးထားလျက် ကံထပ်၊ ရှင်ပြု၊ နားသ အလှူတော်မင်္ဂလာ အကြိုဓမ္မသဘင်တွင် အလှူရှင်နှင့် တရားနာပရိတ်သတ်၏ ဓမ္မပူဇာ စုပေါင်းလှူဒါန်းမှု ၅၂၅၀၀၀၀ (အလှူငွေ ငါးဆယ့်နှစ်သိန်းငါးသောင်းကျပ်) အား ဆရာတော်ထံ ဆက်ကပ်လှူဒါန်းရာ ဆရာတော်က ကျေးရွာ စာကြည့်တိုက်အတွက် ဓမ္မပူဇာဝထ္တုငွေများကို ပြန်လည်စွန့်ကျဲ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အကြိုဓမ္မသဘင်ကို ယနေ့ (၆-၃-၂၀၂၃) ရက်နေ့ ည (၇ ၀၀) နာရီအချိန်က စတင်ခဲ့ပြီး (၉ ၃၀) ခန့်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး အလှူပွဲကို (၈-၃-၂၀၂၃) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။


Photo -  YMH

#MyanmarNationalPost

No comments:

Post a Comment